လူ့အသက်တာ၏နက်နဲခြင်း
သင်သည် ဤကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် အသက်ရှင်နေ၍ သင့်အသက်တာ၏အဓိပ္ပါယ်မှာအဘယ်အရာနည်းဟုစဉ်းစားဆင်ခြင်မိပါသလား။ဤနက်နဲခြင်းကို ဖွင့်ပြသော သော့ချက်ခြောက်ချက်ရှိပါသည်။
၁။ ဘုရားသခင်၏အကြံအစည်တော်ဘုရားသခင်သည် မိမိကိုယ်တော်တိုင်ကို လူအားဖြင့် ထင်ရှားလိုသည် (ရော၊၈း၂၉)။ ဤအကြံအစည်တော်အတွက် ဘုရားသခင်သည် မိမိ၏ပုံသဏ္ဌာန်တော်၌ မိမိနှင့်တစ်ညီတည်း လူကို ဖန်ဆင်းခဲ့သည် (က၊၁း၂၆)။လက်အိတ်သည် လက်၏ပုံသဏ္ဌာန်နှင့်တစ်ညီတည်းပြုလုပ်ခံရခြင်းမှာ လက်ကိုထည့်ဝင်ခံရန်အတွက် ဖြစ်သကဲ့သို့၊ လူသည်ဘုရားသခင်၏ပုံသဏ္ဌာန်တော်၌ တစ်ညီတည်းဖန်ဆင်းခံရခြင်းမှာဘုရားသခင်ကို ထည့်ဝင်ခံရန် ဖြစ်သည်။ လူသည် ဘုရားသခင်ကိုထည့်ဝင်ခံခြင်းဖြင့် ဘုရားသခင်ကို ထင်ရှားနိုင်သည် (၂ကော၊၄း၇)။
၂။ ဘုရားသခင်သည် သူ၏အကြံအစည်တော် ပြီးမြောက်ပြည့်စုံရန်အတွက် လူကို ထည့်ဝင်စရာတန်ဆာပလာအဖြစ်ဖန်ဆင်းခဲ့သည်။(ရော၊၉း၂၁-၂၄)ဤတန်ဆာပလာတွင် ခန်္ဓာ၊ စိတ်နှင့် ၀ိညာဉ်ဟူ၍ အပိုင်းသုံးပိုင်းပါရှိသည် (၁သက်၊၅း၂၃)။ ခန္ဓာသည် ရုပ်ပိုင်းဆိုင်ရာနယ်ပယ်၌ ရှိသော အရာများကိုဆက်သွယ်လက်ခံရရှိနိုင်သည်။စိတ်သည် စိတ်ပိုင်းဆိုင်ရာနယ်ပယ်၌ရှိသောအရာများကိုဆက်သွယ်လက်ခံရရှိနိုင်သည်။လူ၏အတွင်းဆုံးအပိုင်းဖြစ်သောလူသားဝိညာဉ်သည် ဘုရားသခင်ကိုယ်တော်တိုင်ကို ဆက်သွယ်လက်ခံရရှိနိုင်ရန်ဖန်ဆင်းခံထားရခြင်းဖြစ်သည် (ယော၊၄း၂၄)။လူသည်ဝမ်းဗိုက်၌အစာကို ထည့် ၀င်ရုံအတွက်မျှ (သို့) သူ၏အသိဉဏ်၌ အသိပညာဗဟုသုတကို ထည့်ဝင်ခံရန်အတွက်မျှသာ ဖန်ဆင်းခံထားရခြင်းမဟုတ်ပဲ၊သူ၏ ၀ိညာဉ်၌ ဘုရားကိုထည့်ဝင်ရန်အတွက် ဖန်ဆင်းခံရခြင်းဖြစ်သည် (ဧ၊၅း၁၈)။
၃။ လူသား၏ကျဆင်းခြင်းသို့သော်လူသည်သူ၏၀ိညာဉ်အထဲသို့ဘုရားသခင်ကိုအသက်အဖြစ် လက်ခံရရှိခြင်းမရှိမီတွင်အပြစ်သည် လူအထဲသို့ ၀င်ရောက်သွားခဲ့သည်(ရော၊၅း၁၂)။အပြစ်သည်လူ့ဝိညာဉ်ကိုသေစေပြီး(ဧ၊၂း၁)၊ အသိဉဏ်၌ ဘုရားသခင်၏ရန်သူဖြစ်စေကာ(ကော၊၁း၂၁)၊ ခန္ဓာကို အပြစ်ပြည့်ဝနေသောအသွေးအသားခန္ဓာအဖြစ်သို့ ပြောင်းလဲစေခဲ့သည်(က၊၆း၃။ ရော၊၆း၁၂)။ထိုကြောင့် အပြစ်သည်လူ၏အပိုင်းသုံးပိုင်းစလုံးကို ပျက်စီးယိုယွင်းစေပြီး လူကိုဘုရားသခင်ထံမှဝေးကွာစေခဲ့သည်။ ဤသို့သော အခြေအနေ၌ရှိနေသောလူသည် ဘုရားသခင်ကို လက်ခံနိုင်စွမ်း မရှိတော့ပေ။
၎။ ဘုရားသခင်၏ဖြန့်ဖြူးပေးဝေခြင်းအတွက်ဘုရားသခင်၏ရွေးနုတ်ခြင်းမည်သို့ပင်ဆိုစေကာမူ၊ လူသား၏ကျဆင်းမှုသည် ဘုရား သခင်၏မူလအကြံအစည်တော်ပြီးမြောက်ပြည့်စုံစေခြင်းမှ ဘုရား သခင်အားဟန့်တားပိတ်ပင်၍မရနိုင်ပေ။အကြံအစည်တော်ကို အစဉ်တကျ ပြီးမြောက်ပြည့်စုံစေရန်အတွက်ဘုရားသခင်သည် ရှေ့ဦးစွာ ယေရှုခရစ်တည်းဟူသော လူသားဖြစ်လာခဲ့သည် (ယော၊ ၁း၁၊၁၄)။ထိုနောက်ခရစ်တော်သည် လူသားကိုရွေးနုတ်ရန် အတွက် ကားတိုင်ပေါ်အသေခံခဲ့ကာ (ဧ၊၁း၇)၊ လူ၏အပြစ်ကို ယူပစ်တော်မူ၍(ယော၁း၂၉)၊ လူကိုဘုရားထံ ပြန်လည်ခေါ်ဆောင် တော်မူခဲ့သည်(ဧ၊၂း၁၃)။နောက်ဆုံးရှင်ပြန်ထမြောက်ခြင်း၌ ကိုယ်တော်သည် အသက်ပေးသောဝိညာဉ်တော် ဖြစ်လာခဲ့သည် (၁ကော၊၁၅း၄၅)။ဤသို့ဖြင့်ကိုယ်တော်သည် သူ၏စစ်၍ မကုန် နိုင်အောင်ကြွယ်ဝတော်မူသောအသက်ကို လူ၏၀ိညာဉ်အထဲသို့ ဖြန့်ဖြူးပေးဝေနိုင်ပြီဖြစ်သည်(ယော၊၂၀း၂၂။၃း၆)။
၅။ လူ၏အသစ်မွေးဖွားခြင်းခရစ်တော်သည် အသက် ပေးသောဝိညာဉ်တော် ဖြစ်လာခဲ့ သောကြောင့် ယခုတွင် လူသည် သူ၏၀ိညာဉ်အထဲသို့ ဘုရား အသက်ကို လက်ခံနိုင်ပြီဖြစ်သည်။ဤသည်ကို သမ်္မာကျမ်းစာက အသစ်တစ်ဖန်မွေးဖွားခြင်းဟု ခေါ်သည် (၁ပေ၊၁း၃။ ယော၊၃း၃)။ ဤအသက်ကို လက်ခံရရှိရန်အတွက် လူသည် ဘုရားသခင်ထံ နောင်တရရမည်ဖြစ်၍၊သခင်ယေရှုခရစ်ကို ယုံကြည်လက်ခံရမည် ဖြစ်သည် (တ၊၂၀း၂၁။၁၆း၃၁)။ အသစ်တစ်ဖန်မွေးဖွားခြင်းခံရန်မှာ သခင်ဘုရားထံသို့လာ၍ ရိုးသားစွာဖြင့်တံခါးဖွင့်ပေးကာ၊ အောက်ပါအတိုင်း ၀န်ခံပြောဆို ခြင်းဖြစ်သည်။ “အို-သခင်ယေရှု၊ ကျွန်ုပ်သည်အပြစ်သားဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်ကို လိုအပ်ပါသည်။ ကျွန်ုပ်အတွက် ကိုယ်တော်အသေခံပေးတော်မူသောကြောင့် ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်။သခင်ယေရှု၊ ကျွန်ုပ်ကိုခွင့်လွှတ်တော်မူပါ။ ကျွန်ုပ်၏အပြစ် များကိုဆေးကြောစင်ကြယ်စေတော်မူပါ။ ကိုယ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူကြောင်း ကျွန်ုပ်ယုံကြည်ပါသည်။ယခုပင်ကိုယ်တော့်ကို ကျွန်ုပ် ၏ကယ်တင်ရှင်အဖြစ်လည်းကောင်း၊ အသက်အဖြစ် လည်းကောင်း လက်ခံပါ၏။ ကျွန်ုပ်အထဲသို့ ၀င် ရောက်လာတော်မူပါ။ကိုယ်တော့်အသက်ဖြင့်ဖြည့် တော်မူပါ။ သခင်ယေရှု၊ ကိုယ်တော်၏အကြံအစည်တော်အတွက်၊ ကျွန်ုပ်သည် မိမိကိုယ်ကိုဆက်ကပ်အပ်နှံပါ၏။ အာမင်။”
၆။ဘုရားသခင်၏ပြည့်စုံသောကယ်တင်ခြင်းအသစ်တစ်ဖန်မွေးဖွားခြင်းခံ ပြီးနောက်၊ယုံကြည်သူတစ်ဦးသည် ဗတ်္တိဇံခံယူရန် လိုအပ်သည် (မာ၊၁၆း ၁၆)။ထို့နောက် ဘုရားသခင်သည် အသက်အဖြစ် ယုံကြည်သူ၏၀ိညာဉ်မှ စိတ်အထဲသို့ တဖြည်းဖြည်းဖြန့်ဖြူးပေးဝေနေသည် (ဧ၊၃း၁၇)။ဤဖြစ်စဉ်ကို ပုံသဏ္ဌာန်ပြောင်းလဲခြင်းဟုခေါ်၍(ရော၊၁၂း၂)၊ ၎င်းတွင် လူသား၏ပူးပေါင်းပါဝင်ခြင်းလိုအပ်သည် (ဖိ၊၂း၁၂)။ယုံကြည်သူသည် သူ၏အလိုဆန္ဒ၊ တွေးခေါ်ခြင်းနှင့် ဆုံးဖြတ်ခြင်းများအားလုံး၌ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ရှိလာသည့်တိုင် သူ၏စိတ်အထဲသို့၊သခင်ဘုရား၏နှံ့ပြားခြင်းကို အခွင့်ပေးခြင်းအားဖြင့် ပူးပေါင်းပါဝင်ဆက်ဆံရမည်ဖြစ်သည်။ နောက်ဆုံး ခရစ်တော်ပြန်ကြွလာသောအခါ၊ဘုရားသခင်သည် မိမိကိုယ်တော်တိုင်ဖြင့် ယုံကြည်သူများ၏ခန္ဓာ၌ အပြည့်အ၀ပျော်ဝင်ပြည့်ဝခြင်း ရှိမည်ဖြစ်သည်။ ဤသည်ကိုဘုန်းဝင်စားခြင်းဟုခေါ်သည် (ဖိ၊ ၃း၂၁)။ထိုအခါ လူသည် အစိတ်အပိုင်းအားလုံး၌ လွတ်လပ် လဟာဖြစ်ခြင်းနှင့်ပျက်စီးယိုယွင်းနေခြင်းမရှိတော့ပဲ၊ ဘုရားအသက် ဖြင့် ပျော်ဝင်ပြည့်ဝခြင်းအပြည့်ရှိမည်ဖြစ်သည်။ဤသည်မှာ ဘုရားသခင်ပြီးမြောက်ပြည့်စုံသော ကယ်တင်ခြင်းဖြစ်သည်။ ထိုသို့သောလူသည် ဘုရားသခင်ကိုထင်ရှား၍ ဘုရားသခင်၏ အကြံအစည်တော်ကို ပြီးမြောက်ပြည့်စုံစေသည်။
